ရေဘဝဲ အစပ်ချက်နည်း 🐙
ရေဘဝဲ အစပ်ချက်နည်း 🐙
ရေဘဝဲကိုင်တာလေးပါ အရင်ပြောပြပါမယ် ဗျ!
ကိုင်တာတော့ ခပ်ရှင်းရှင်းပါ။
ပထမဆုံး ရေဘဝဲကို ပတ်လက်အနေထားလှန်လိုက်ပြီး လက်အားလုံး ခလယ်တည့်တည့် အပေါက်ကို ဝက်ခြံညှစ်သလိုညှစ်ပြီး အဆံကိုဖယ်ထုတ်ပါ။
ဒုတိယအနေနဲ့ မျက်လုံးတွေ ကပ်ကြေးနဲ့ ညှပ်ထုတ်ပါ။
တတိယကတော့ ခေါင်းတွင်းက အလုံး၂လုံး ဖယ်ပြီး ထုတ်ပစ်ပါ။
ကိုင်နည်းကတော့ ဒါပဲဗျ။
ချက်ဖို့ကတော့ အရင်ဆုံး သန့်ပြီးသား ရေဘဝဲကို ၅မိနစ်ခန့်ပြုတ်ပီး ဆယ်ထားပါ။
နောက် ကြက်သွန်ဖြူ၊ နီ၊ ဂျင်း ဆီသတ်ပါ။
ဆီသတ်ပြီး တချို့က ကိုရီးယား ဘာညာငရုတ်ဆီထည့်တယ်။
ကိုရီးယား ဘာညာငရုတ်ဆီ ဝယ်ရမလွယ်လို
ကျွန်တော်ကတော့ အလွယ် Spicy 2Xခေါက်ဆွဲက အနှစ်ထုတ်ကိုပဲ ဖောက်ထည့်ပါတယ်။
နောက် ငရုတ်ကောင်းအနည်းငယ် ပဲငံပြာရည်အကြည်အနည်းငယ်ထည့်။
နောက် ပြုတ်ထားတဲ့ ရေဘဝဲကိုထည့်ပြီး အရသာဝင်လောက်သည်ထိမွှေပေးပါ။
ပြီးပါက ကြက်သွန်မြိတ်လေးဖြူးပြီး အဆင်ပြေသလို တွယ်နိုင်ပါပြီ ခဗျာ !
Comments
Post a Comment