အရသာ လည်းရှိ အားလည်း ရှိစေမယ့် ကြက်ဥ ဟင်းချို ချက်နည်း
အရသာ လည်းရှိ အားလည်း ရှိစေမယ့် ကြက်ဥ ဟင်းချို ချက်နည်း
အားလုံးပဲမင်္ဂလာပါနော်။
ကြက်ဥဟင်းချို ပူပူလေးချက်စားကြရအောင်။ထမင်းစားတဲ့အခါ အရည်မပါဘဲ စားရင် ခြောက်ကပ်ကပ်ကြီးနဲ့ စားရတာ ခံတွင်းမမြိန်လှပါဘူး။
ဒါ့ကြောင့် ခြောက်ကပ်ကပ်ကြီးမဖြစ်စေဘဲ အားလည်းရှိ အရသာလည်းရှိတဲ့ ကြက်ဥဟင်းချိုချက်နည်းလေးကို မျှဝေပေးချင်ပါတယ်နော်။
ပါဝင်ပစ္စည်း * ကြက်စွပ်ပြုတ်ရည် ၄ ခွက် .. (မလွယ်ကူရင် သာမန်ရေနဲ့လည်းရပါတယ်)
* ကြက်ဥ ၃ လုံးမှ ၄ လုံး (ခလောက်ထားပါ) ..
* ပဲငံပြာရည် အနည်းငယ် ..
* ဆီ၊
* ဆားအနည်းငယ် .
* ကြက်သွန်မြိတ် အနည်းငယ် ပါးပါးလှီးပါ
ပြုလုပ်နည်း အရင်ဆုံး စွပ်ပြုတ်ရည်ကို အပူပေးလိုက်ပြီး ကြက်ဥထည့်လိုက်ပါ။
ပြီးရင် ပဲငံပြာရည်နဲ့ ဆားထည့်လိုက်ပါ။
အဲဒီနောက် ဆူလာပြီဆိုရင်တော့ အပူချိန်ကို နည်းနည်းလျှော့ပြီး ကြက်ဥကို မွှေပေးလိုက်ပါ။
ခဏထားပြီး ဆီနည်းနည်းထည့်လိုက်ပါ။
အဲဒီနောက် ကြက်သွန်မြိတ်ထည့်ပြီး မီးဖိုပေါ်ကချကာ သုံးဆောင်လို့ရပါပြီ။
Source: www.mykoreankitchen.com
Comments
Post a Comment