{ ကြက်/ ဝက်သား } ခေါက်ဆွဲ ပြုလုပ်နည်း

{ ကြက်/ ဝက်သား } ခေါက်ဆွဲ ပြုလုပ်နည်း။



( ဟင်းရည် )

- ခေါက်ဆွဲ ၁ပိဿာလျှင် ကြက်/ဝက် ၂၀ကျပ်သား။
- ကြက်/ဝက်ကို အနေတော်တုံးပြီး အချိုမှုန့်၊ ဆား၊ 
   သကြားနဲနဲနှင့် နယ်ပြီး လှော် (သို့) ပြုတ်ပါ။
- ပြီးလျှင် အတုံးသေးသေးလေးများ တုံးထားပါ။
- ကြက်သွန်နီ အနေတော် ၄စိတ်၊ စိတ်ပြီး အဖတ်များကို ခွာထားပါ။
- ဆီထည့်ပြီး ဆူလျှင်တုံးပြီးသား အသား၊ လွှာထားသော ကြက်သွန်နီဖတ်များကို ထည့်ပါ။
- ပဲငံပြာရည် အနောက်၊ ပဲငံပြာရည် အကြည်၊ ဆား၊ အချိုမှုန့်၊ သကြားနဲနဲထည့်ပြီး  
  အသားကျက်သည်ထိမွှေပြီးလျှင် ဒီအတိုင်းထားပါ။
- ရေဖလားနှင့် ၄ခွပ်ခန့် အိုးထဲထည်ြ့့ပီး ဆူအောင်တည်ပါ။ ဆူလျှင် ဆီသပ်ထားသော 
  အသားများကိုထည့်ပြီး ထပ်ဆူအောင်ထားပါ။
- လှော်ပြီးသား ငရုတ်ကောင်းနဲနဲကို ကြက်သွန်ဖြူနှင့် ရောထောင်းပြီး ဆူနေသော 
  အိုးထဲထည့်ပါ။
- အပေါ့/ ငံမြည်းပြီး လိုတာထပ်ထည့်ပါ။



( ခေါက်ဆွဲ )

- အချိုမှုန့်၊ ပဲငံပြာရည် အနောက်တို့ကို နှံအောင်နဲနဲဖြူးပါ။ ( များလျှင် ခါးတက်သည်။ )
- နှံအောင်လက်ဖြင့် ဖွပေးပါ။
- ပြီးလျှင် ဒယ်အိုးနှင့် လှော်ပါ။


( အချဉ်ရည် )

- မန်ကျည်းမှည့်ကို စိပ်(နဲနဲ) ငရုတ်ချဉ်၊ ကြက်သွန်ဖြူ၊ ဂျင်း(နဲနဲ) ထန်းလျှက်ခဲကို ဓါးနှင့်
  ပါးပါးလှီး၊ အအေးခံထားသော ရေနွေးနှင့် အချဉ်စပ်ပါ။
- သကြား၊ ဆား၊ အချိုမှုန့်ထည့်ပါ။


Comments

Popular posts from this blog

ရေဘဝဲ အစပ်ချက်နည်း 🐙

#ရှမ်းပြည်စတိုင်ဆီချက်ခေါက်ဆွဲအလွယ်ချက်နည်း#