ဂဏန်း မာဆလာ ချဥ်စပ် 🦀🦀🦀

ဂဏန်း မာဆလာ ချဥ်စပ် 🦀🦀🦀



ဂဏန်းကချက်ရင်ချက်တဲ့အနှစ်ကအရသာရှိတာ
အနှစ်များများနဲ့ထမင်း နယ်စားရင်ကောင်းမှကောင်း
ဒါ့ကြောင့်အနှစ်ပိုထည့်မယ်။
ကြက်သွန်နီအလုံးကြီးကြီး၅လုံး
ကြက်သွန်ဖြူဗမာဥ၃ဥကိုညက်ညက်လေးထောင်းပါ။
ခရမ်းချဥ်သီး၅လုံးကိုလဲစက်နဲ့ကြိတ်ထားပါမယ်။
အနှစ်ကျကျလေးချက်ချင်လို့ခရမ်းချဥ်သီးလဲကြိတ်လိုက်တာပါ။

ကြက်သွန်တွေဆီသပ်မယ်။ ပြီးလျှင်
ဂေါ်ရင်ဂျီမဆလာတီးဇွန်း၂
အသားမဆလာတီးဇွန်း၃
ငရုတ်အရောင်တင်မှုန့်စားပွဲဇွန်း၁ဇွန်းထည့်ပါမယ်။
သေချာမွှေမယ်။
ခရမ်းချဥ်သီးအနှစ်ထည့်မယ်။
သေချာလိပ်နေအောင်ဆီသပ်ပါမယ်။
ငံပြာရည်ခပ်ပါမယ်။
သကြားအနည်းငယ်ထည့်မယ်။
အနှစ်တွေများလို့အရသာမှုန့်အနည်းငယ်မျှအချိုလေးအောင်ကူမယ်။
ရေနွေးထည့်ပြီးအဆက်မပြတ်မွှေပြီးအနှစ်ကျအောင်ချက်ပါမယ်။
ကြက်ဥ၁လုံးခေါက်ပြီး ထည့်မွှေမယ်။
ငရုတ်သီးစိမ်းလေးတွေထည့်မယ်။
အစပ်စားနိုင်ရင်ငရုတ်သီးစိမ်းကိုထောင်းထည့်ပါ။
ပိုလို့စား​ကောင်းတယ်။ ပိုလို့မွှေးတယ်။

အနှစ်ကျလာပြီဆိုရင်ဂဏန်းမထည့်ခင်ရေနွေးလောင်းပါမယ်။
ဟင်းရည်အရသာမြည်းပါမယ်။
ဟင်းရည်ကအနေတော်လောက်ဖြစ်နေရတော့မယ်။
ဂဏန်းထည့်ပြီးအဆူခံဖို့အတွတ်အရသာအနည်းငယ်ပေါ့ထားမယ်။
ဂဏန်းထည့်ပြီးရေခမ်းလာရင်အနေတော်လောက်ဖြစ်ရပါမယ်။
အနှစ်တွေပွက်ပွက်ဆူလာမှ
ကြော်ထားတဲ့ဂဏန်းတွေထည့်မယ်။
ခဏအဖုံးအုပ်တည်ပါမယ်။

ဆီပျံရေကျန်အနှစ်ပျစ်ပျစ်လေးဖြစ်လာရင်
ရှမ်းနံနံလေးအုပ်လိုက်ရင်ပြည့်စုံတဲ့စားလို့အလွန်ကောင်းတဲ့
ဂဏန်းမဆလာချက် ချဥ်စပ်လေး ရပါပြီ။

Comments

Popular posts from this blog

ရေဘဝဲ အစပ်ချက်နည်း 🐙

#ရှမ်းပြည်စတိုင်ဆီချက်ခေါက်ဆွဲအလွယ်ချက်နည်း#

{ ကြက်/ ဝက်သား } ခေါက်ဆွဲ ပြုလုပ်နည်း