#ရှမ်းပြည်စတိုင်ဆီချက်ခေါက်ဆွဲအလွယ်ချက်နည်း#
•••••••••••••••••••••••••••••••••••••••••••••••••••••••
ဒီဆီချက်ခေါက်ဆွဲက ရန်ကုန်ဖက်ကစတိုင်တွေနဲ့တော့မတူ
တာအမှန်ပါ..ကိုယ်တွေဒေသဖက်ကစားလေ့ရှိတဲ့စတိုင်မျိုးပါ
ဒီပုံစံကိုချက်မယ်ဆိုရင်.ဝက်ရိုးပြုတ်ရည် .နဲ့ဝက်အဆီအနံ့
ကအဓိကကျတယ်..နောက်ပီးခေါက်ဆွဲအသားက.အလုံးသေးအမျှင်သေးကိုပဲအသုံးပြုကြပါတယ်.ရန်ကုန်ဖက်မှာတော့
ခေါကိဆွဲအပြားနည်းနည်းကြီးပါတယ်..
ချက်နည်း
•••••••••••
အရင်ဆုံးဝက်ရိုးတွေကိုအရင်ပြုတ်မယ်.အရသာထွက်ပြီး
ချိုနေတဲ့ထိပေါ့ အဲ့အရိုးပြုတ်ရင်းနဲ့ ဝက်အဆီရယ် ဝက်သား
အသားချည်းပဲကိုလည်းထည့်ပြုတ်ပါ..အသားနဲ့အဆီတွေနူး
ရင်ပြန်ဆယ်ထား..အဆီတွေကိုကျတော့နုပ်နုပ်စင်းပြီးဒယ်အိုးထဲပြန်ထည့်ပြီးဆီထွက်အောင်အနည်းငယ်ပြန်လှိမ့်ထားပေး
အသားကိုကျတော့အရောင်ဆိုးဆေး.အနီရောင်.အနည်းငယ်
နဲ့ပွတ်ပေး.ဆားအရသာမူန့် အနည်းငယ်ထည့်ပြီးအရသာဝင်အောင်နယ်ပြီးဒယ်အိုးထဲ
ဆီအနည်းငယ်ထည့်ပီးအိးုကင်းပူတိုက်ပြီးပါးပါးလှီးထား..
ဂျုံ ခေါက်ဆွဲကိုပြုတ်ပီးပြန်ဆယ်.ဆီအနည်းငယ်ထည့်ပြီးနယ်
ပြီးအအေးခံထား..ပြီးရင်ခေါက်ဆွဲအနည်းငယ်ယူပြီး.အကြွပ်ကြော်ထားပါ..
ပွဲပြင်မယ်ဆိုရင်.
ပန်းကန်လုံးထဲမှာ....ဝက်ဆီအနည်းငယ်.ပဲငံပြာရည် အကျဲ
tea ဇွန်းနှစ်ဇွန်း.ကြာညို့တစ်ဇွန်း..အရသာမူန့်အရင်ထည့်
ထား..ပြီးရင်ခေါက်ဆွဲတစ်ပွဲစာကိုယူပြီးဝက်ရိုးပြုတ်ရည်ထဲ
သို့ခဏလောက်ပြန်နှစ်လိုက်ဆယ်လိ်ုက်လုပ်ပေးပါ..သူ့အချို
ကဒါအဓိကပါ..ခေါက်ဆွဲမှာအရိုးပြုတ်ရည်ရဲ့အချိုကပ်နေရ
ပါ့မယ်..အဲ့လိုအရိုပြုးတ်ရည်စက်လက်နဲ့ပဲဆယ်ပြီး..အသင့်ပြင်ထားတဲ့ပန်းကန်လုံးထဲသို့ထည့်ပေး..တူနဲ့အထက်အောက်
နှံစပ်အောင်မွှေပေး..အပေါ်ကနေငရုတ်ကောင်းမူန့်ဖြူး
အသားကြော်ထည့် အကြွပ်ကြော် ထည့် ကြက်သွန်မိတ်ဖြူး
ပေးရင်ရပါပီ..
ရိုးရိုးရေနဲ့ပြုတ်ပြီးအရိုးပြုတ်ရေထဲပြန်စိမ်ပြီးပွဲပြင်မှ အရသာ
ရှိပြီးမွှေးနေတဲ့ဆီချက်ခေါက်ဆွဲကိုရရှိမှာဖြစ်ပါတယ်..အီအီ
လေးနဲ့စားကောင်းလှပါတယ်..ရှမ်းပြည်မှာတော့ခေါက်ဆွဲအီ
လို့လဲခေါ်ကြပါတယ်..ပြီးတော့စားရတာ အရည်လေးအနည်း
ငယ်ရွဲရွှဲလေးပါ..
ဟင်းရည်အတွက်က အရိုးပြုတ်ရည်ရယ်အကြွပ်ကြော်ရယ်
ငရုတ်ကောင်းကြက်သွန်မိတ်.ဆားအရသာမူန့် ထည့်ပြီးသုံး
ဆောင်နိုင်ပါတယ်ရှင်..
ဝက်သားမစားသူများကြက်သားဖြင့်ပြောင်လဲချက်နိုင်ပါတယ်နော်..
အားလုံးအဆင်ပြေကြပါစေရှင်...
Credit: Hlaing Hlaing
Comments
Post a Comment