Posts

Showing posts from December, 2020

ရေဘဝဲ အစပ်ချက်နည်း 🐙

Image
ရေဘဝဲ အစပ်ချက်နည်း 🐙 ရေဘဝဲကိုင်တာလေးပါ အရင်ပြောပြပါမယ် ဗျ! ကိုင်တာတော့ ခပ်ရှင်းရှင်းပါ။ ပထမဆုံး ရေဘဝဲကို ပတ်လက်အနေထားလှန်လိုက်ပြီး လက်အားလုံး ခလယ်တည့်တည့် အပေါက်ကို ဝက်ခြံညှစ်သလိုညှစ်ပြီး အဆံကိုဖယ်ထုတ်ပါ။ ဒုတိယအနေနဲ့ မျက်လုံးတွေ ကပ်ကြေးနဲ့ ညှပ်ထုတ်ပါ။ တတိယကတော့ ခေါင်းတွင်းက အလုံး၂လုံး ဖယ်ပြီး ထုတ်ပစ်ပါ။ ကိုင်နည်းကတော့ ဒါပဲဗျ။ ချက်ဖို့ကတော့ အရင်ဆုံး သန့်ပြီးသား ရေဘဝဲကို ၅မိနစ်ခန့်ပြုတ်ပီး ဆယ်ထားပါ။ နောက် ကြက်သွန်ဖြူ၊ နီ၊ ဂျင်း ဆီသတ်ပါ။ ဆီသတ်ပြီး တချို့က ကိုရီးယား ဘာညာငရုတ်ဆီထည့်တယ်။ ကိုရီးယား ဘာညာငရုတ်ဆီ ဝယ်ရမလွယ်လို ကျွန်တော်ကတော့ အလွယ် Spicy 2Xခေါက်ဆွဲက အနှစ်ထုတ်ကိုပဲ ဖောက်ထည့်ပါတယ်။ နောက် ငရုတ်ကောင်းအနည်းငယ် ပဲငံပြာရည်အကြည်အနည်းငယ်ထည့်။ နောက် ပြုတ်ထားတဲ့ ရေဘဝဲကိုထည့်ပြီး အရသာဝင်လောက်သည်ထိမွှေပေးပါ။ ပြီးပါက ကြက်သွန်မြိတ်လေးဖြူးပြီး အဆင်ပြေသလို တွယ်နိုင်ပါပြီ ခဗျာ !

ထမင်းဝိုင်းမှာ ငါးပိရည် တို့စရာ အစုံပါမှ တွယ်လို့မိန်တဲ့ သူငယ်ချင်းတွေ ရှိလားဗျ ? 😉

Image
ထမင်းဝိုင်းမှာ ငါးပိရည် တို့စရာ အစုံပါမှ တွယ်လို့မိန်တဲ့ သူငယ်ချင်းတွေ ရှိလားဗျ ? 😉

ဂဏန်း မာဆလာ ချဥ်စပ် 🦀🦀🦀

Image
ဂဏန်း မာဆလာ ချဥ်စပ် 🦀🦀🦀 ဂဏန်းကချက်ရင်ချက်တဲ့အနှစ်ကအရသာရှိတာ အနှစ်များများနဲ့ထမင်း နယ်စားရင်ကောင်းမှကောင်း ဒါ့ကြောင့်အနှစ်ပိုထည့်မယ်။ ကြက်သွန်နီအလုံးကြီးကြီး၅လုံး ကြက်သွန်ဖြူဗမာဥ၃ဥကိုညက်ညက်လေးထောင်းပါ။ ခရမ်းချဥ်သီး၅လုံးကိုလဲစက်နဲ့ကြိတ်ထားပါမယ်။ အနှစ်ကျကျလေးချက်ချင်လို့ခရမ်းချဥ်သီးလဲကြိတ်လိုက်တာပါ။ ကြက်သွန်တွေဆီသပ်မယ်။ ပြီးလျှင် ဂေါ်ရင်ဂျီမဆလာတီးဇွန်း၂ အသားမဆလာတီးဇွန်း၃ ငရုတ်အရောင်တင်မှုန့်စားပွဲဇွန်း၁ဇွန်းထည့်ပါမယ်။ သေချာမွှေမယ်။ ခရမ်းချဥ်သီးအနှစ်ထည့်မယ်။ သေချာလိပ်နေအောင်ဆီသပ်ပါမယ်။ ငံပြာရည်ခပ်ပါမယ်။ သကြားအနည်းငယ်ထည့်မယ်။ အနှစ်တွေများလို့အရသာမှုန့်အနည်းငယ်မျှအချိုလေးအောင်ကူမယ်။ ရေနွေးထည့်ပြီးအဆက်မပြတ်မွှေပြီးအနှစ်ကျအောင်ချက်ပါမယ်။ ကြက်ဥ၁လုံးခေါက်ပြီး ထည့်မွှေမယ်။ ငရုတ်သီးစိမ်းလေးတွေထည့်မယ်။ အစပ်စားနိုင်ရင်ငရုတ်သီးစိမ်းကိုထောင်းထည့်ပါ။ ပိုလို့စား​ကောင်းတယ်။ ပိုလို့မွှေးတယ်။ အနှစ်ကျလာပြီဆိုရင်ဂဏန်းမထည့်ခင်ရေနွေးလောင်းပါမယ်။ ဟင်းရည်အရသာမြည်းပါမယ်။ ဟင်းရည်ကအနေတော်လောက်ဖြစ်နေရတော့မယ်။ ဂဏန်းထည့်ပြီးအဆူခံဖို့အတွတ်အရသာအနည်းငယ်ပေါ့ထားမယ်။ ဂဏန်းထည့်ပြီးရေခမ်းလာရင်အနေတော်လောက်ဖြစ်ရပ...

ဝက်နံရိုး မီးတောက်

Image
ဝက်နံရိုး မီးတောက် ဝက်နံရိုး ပြုတ်ရန် ပါဝင်ပစ္စည်းများ - ဝက်နံရိုး (သို့) ဝက်လည်ပင်ရိုး - ၈၀ကျပ်သား (ရေသန့်စင်အောင် ဆေးထားပေးပါ) - ဆား - စားပွဲတင်ဇွန်း ၁ဇွန်း - ပဲငံပြာရည် - စားပွဲတင်ဇွန်း ၂ဇွန်း - ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း ၂ဇွန်း - အသားမှုန့် - လက်ဖက်ရည်ဇွန်း ၁ဇွန်း - ဟင်းခတ်မှုန့် - လက်ဖက်ရည်ဇွန်း ၁ဇွန်း - ရေ - ၂လီတာခွဲ - စပါးလင် (သို့) ပဒယ်ဂေါ - ၂ပင် (ပါးပါးလှီးထားပါ) - ကြက်သွန်ဖြူချဉ် - ၁ခု - ကြက်သွန်နီ - ၁လုံး (ထပ်ခြမ်းခြမ်းထားပါ) - နံနံပင် အမြစ် - လက်တဆုပ်စာ ဝက်နံရိုး ဟင်းချက်ပြင်ဆင်ရန် ပါဝင်ပစ္စည်းများ - ငရုတ်သီးစိမ်း - အတောင့် ၃၀ (ညက်အောင် ထောင်းထားပါ) - သံပရာသီး - ၇လုံး (အစေ့ထုတ်ထားပါ) - နံနံပင် - စည်းဝက် (ပါးပါးလှီးထားပါ) - ကြက်သွန်မြိတ် - ၁စည်း (ပါးပါးလှီးထားပါ) - ရှောက်ရွက် - စားပွဲတင်ဇွန်း ၁ဇွန်းစာ (ပါးပါးလှီးထားပါ) - ငါးငံပြာရည် - စားပွဲတင်ဇွန်း ၃ဇွန်း ဝက်နံရိုး ပြုတ်နည်း ၁။ အရင်ဆုံး ဝက်နံရိုးများကို သန့်စင်အောင် ဆေးထားပေးပါ။ အတုံးရှည်များ ပိုင်းဖြတ်ပါ။  ၂။ ဝက်နံရိုးကို ဆား(လက်ဖက်ရည်ဇွန်း တဝက်)၊ အသားမှုန့် (လက်ဖက်ရည်ဇွန်း ၁ဇွန်း) တို့ဖြင့် သမအောင်...

အရသာ လည်းရှိ အားလည်း ရှိစေမယ့် ကြက်ဥ ဟင်းချို ချက်နည်း

Image
အရသာ လည်းရှိ အားလည်း ရှိစေမယ့် ကြက်ဥ ဟင်းချို ချက်နည်း အားလုံးပဲမင်္ဂလာပါနော်။  ကြက်ဥဟင်းချို ပူပူလေးချက်စားကြရအောင်။ထမင်းစားတဲ့အခါ အရည်မပါဘဲ စားရင် ခြောက်ကပ်ကပ်ကြီးနဲ့ စားရတာ ခံတွင်းမမြိန်လှပါဘူး။  ဒါ့ကြောင့် ခြောက်ကပ်ကပ်ကြီးမဖြစ်စေဘဲ အားလည်းရှိ အရသာလည်းရှိတဲ့ ကြက်ဥဟင်းချိုချက်နည်းလေးကို မျှဝေပေးချင်ပါတယ်နော်။ ပါဝင်ပစ္စည်း * ကြက်စွပ်ပြုတ်ရည် ၄ ခွက် .. (မလွယ်ကူရင် သာမန်ရေနဲ့လည်းရပါတယ်)                       * ကြက်ဥ ၃ လုံးမှ ၄ လုံး (ခလောက်ထားပါ) ..                        * ပဲငံပြာရည် အနည်းငယ် ..                       * ဆီ၊                        * ဆားအနည်းငယ် .                        * ကြက်သွန်မြိတ် အနည်းငယ် ပါးပါးလှီးပါ ပြုလုပ်နည်း အရင်ဆုံး စွပ်ပြုတ်ရည်ကို အပူပေးလိုက်ပြီး ကြက်ဥထ...

#ရှမ်းပြည်စတိုင်ဆီချက်ခေါက်ဆွဲအလွယ်ချက်နည်း#

Image
••••••••••••••••••••••••••••••••••••••••••••••••••••••• ဒီဆီချက်ခေါက်ဆွဲက ရန်ကုန်ဖက်ကစတိုင်တွေနဲ့တော့မတူ တာအမှန်ပါ..ကိုယ်တွေဒေသဖက်ကစားလေ့ရှိတဲ့စတိုင်မျိုးပါ ဒီပုံစံကိုချက်မယ်ဆိုရင်.ဝက်ရိုးပြုတ်ရည် .နဲ့ဝက်အဆီအနံ့ ကအဓိကကျတယ်..နောက်ပီးခေါက်ဆွဲအသားက.အလုံးသေးအမျှင်သေးကိုပဲအသုံးပြုကြပါတယ်.ရန်ကုန်ဖက်မှာတော့ ခေါကိဆွဲအပြားနည်းနည်းကြီးပါတယ်.. ချက်နည်း ••••••••••• အရင်ဆုံးဝက်ရိုးတွေကိုအရင်ပြုတ်မယ်.အရသာထွက်ပြီး ချိုနေတဲ့ထိပေါ့ အဲ့အရိုးပြုတ်ရင်းနဲ့ ဝက်အဆီရယ် ဝက်သား အသားချည်းပဲကိုလည်းထည့်ပြုတ်ပါ..အသားနဲ့အဆီတွေနူး ရင်ပြန်ဆယ်ထား..အဆီတွေကိုကျတော့နုပ်နုပ်စင်းပြီးဒယ်အိုးထဲပြန်ထည့်ပြီးဆီထွက်အောင်အနည်းငယ်ပြန်လှိမ့်ထားပေး အသားကိုကျတော့အရောင်ဆိုးဆေး.အနီရောင်.အနည်းငယ် နဲ့ပွတ်ပေး.ဆားအရသာမူန့် အနည်းငယ်ထည့်ပြီးအရသာဝင်အောင်နယ်ပြီးဒယ်အိုးထဲ ဆီအနည်းငယ်ထည့်ပီးအိးုကင်းပူတိုက်ပြီးပါးပါးလှီးထား.. ဂျုံ ခေါက်ဆွဲကိုပြုတ်ပီးပြန်ဆယ်.ဆီအနည်းငယ်ထည့်ပြီးနယ် ပြီးအအေးခံထား..ပြီးရင်ခေါက်ဆွဲအနည်းငယ်ယူပြီး.အကြွပ်ကြော်ထားပါ.. ပွဲပြင်မယ်ဆိုရင်. ပန်းကန်လုံးထဲမှာ....ဝက်ဆီအနည်းငယ်.ပဲငံပြာရည် အကျဲ tea ...

ဆိတ် ကလီစာ ဆီပြန်ဟင်း

Image
ဆိတ် ကလီစာ ဆီပြန်ဟင်း ဆိတ်ကလီစာကို ရှာလကာရည်၊ ဆားအနည်းငယ်ဖြင့် နှံ့အောင် ဆေးပါ။ ကြက်သွန်ဖြူ/ နီ၊ ဂျင်း၊ ငရုတ်သီးစိမ်းမှုန့် ထည့်ကာ ဆီသပ်ပါ။ မဆလာ (ဟင်းခပ်အမွှေးအကြိုင်များ ထည့်ပါ။ ဆိတ်ကလီစာ၊ ဆား၊ အချိုမှုန့်၊ ရေထည့်ကာ အုပ်ထားပါ။ (၂) ရည်ခန့် ခန်းပြီဆိုပါက ပျဉ်းတော်သိမ်းရွက်ထည့်ပါ။ ဆီပြန်ပါက အညှီနံကင်းကင်းဖြင့် မွှေးကြိုင်၍ အရသာရှိသော ဆိတ်ကလီစာ ဆီပြန်ဟင်း ၁ ခွက် ရရှိ စားသုံးနိုင်ပါပြီ။

➗ ရှူးရှဲ ပရော်ကျစ် (သို့) ရှူးရှဲ ပရစ်ကြော် ➗

Image
➗ ရှူးရှဲ ပရော်ကျစ် (သို့) ရှူးရှဲ ပရစ်ကြော် ➗ (၁) ပုရစ်ကို အညှစ်ကြေးထုတ်ပြီး ရေစင်အောင်ဆေးထားပါ။ (၂) အနံသတ်ပျောက်အောင် အချဉ်ရည်(၁)ခုခုနှင့်နှယ်ဆေးပါ။ (၃) ပြီး- ဂျင်းရည်နှင့် နှပ်ထားပါ။ (၄) ဆား၊ အသားမှုန့်ထည့်၍ ပုရစ်ကို အရင်ကြော်ပါ။ (၅) ကြွပ်ခါနီး ဆယ်ထားပါ။ (၆) ကြက်သွန်ဖြူ၊ ဂျင်း ရောကျိတ်၍ ဆီသပ်ပါ။ (၇) ကြက်သွန်ဖြူ၊ ဂျင်း ကြွပ်ပါက ပုရစ်ထည့်၍ ထပ်ကြော်ပါ။ (၈) အစပ်ကြိုက်ပါက ကြွပ်ခါနီးငရုတ်သီးအကြမ်းမှုန့်ထည့်ကာ      ပုံပါအတိုင်း ( ရှူးရှဲ ပရော်ကျစ်) လေးစားသုံးနိုင်ပါပြီ။ 🤤

{ ကြက်/ ဝက်သား } ခေါက်ဆွဲ ပြုလုပ်နည်း

Image
{ ကြက်/ ဝက်သား } ခေါက်ဆွဲ ပြုလုပ်နည်း။ ( ဟင်းရည် ) - ခေါက်ဆွဲ ၁ပိဿာလျှင် ကြက်/ဝက် ၂၀ကျပ်သား။ - ကြက်/ဝက်ကို အနေတော်တုံးပြီး အချိုမှုန့်၊ ဆား၊     သကြားနဲနဲနှင့် နယ်ပြီး လှော် (သို့) ပြုတ်ပါ။ - ပြီးလျှင် အတုံးသေးသေးလေးများ တုံးထားပါ။ - ကြက်သွန်နီ အနေတော် ၄စိတ်၊ စိတ်ပြီး အဖတ်များကို ခွာထားပါ။ - ဆီထည့်ပြီး ဆူလျှင်တုံးပြီးသား အသား၊ လွှာထားသော ကြက်သွန်နီဖတ်များကို ထည့်ပါ။ - ပဲငံပြာရည် အနောက်၊ ပဲငံပြာရည် အကြည်၊ ဆား၊ အချိုမှုန့်၊ သကြားနဲနဲထည့်ပြီး     အသားကျက်သည်ထိမွှေပြီးလျှင် ဒီအတိုင်းထားပါ။ - ရေဖလားနှင့် ၄ခွပ်ခန့် အိုးထဲထည်ြ့့ပီး ဆူအောင်တည်ပါ။ ဆူလျှင် ဆီသပ်ထားသော    အသားများကိုထည့်ပြီး ထပ်ဆူအောင်ထားပါ။ - လှော်ပြီးသား ငရုတ်ကောင်းနဲနဲကို ကြက်သွန်ဖြူနှင့် ရောထောင်းပြီး ဆူနေသော    အိုးထဲထည့်ပါ။ - အပေါ့/ ငံမြည်းပြီး လိုတာထပ်ထည့်ပါ။ ( ခေါက်ဆွဲ ) - အချိုမှုန့်၊ ပဲငံပြာရည် အနောက်တို့ကို နှံအောင်နဲနဲဖြူးပါ။ ( များလျှင် ခါးတက်သည်။ ) - နှံအောင်လက်ဖြင့် ဖွပေးပါ။ - ပြီးလျှင် ဒယ်အိုးနှင့် လှော်ပါ။ ( အချဉ်ရည် ...